back

လေရှီးမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

May 23 • 10:54 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

လေရှီးမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၊ အထကကျောင်း သီတဂူဆောင်ခန်းမ၌ ယနေ့နံနက် (၉)နာရီအချိန်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မြို့နယ်အဆင့် ကျေ...

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၊ အထကကျောင်း သီတဂူဆောင်ခန်းမ၌ ယနေ့နံနက် (၉)နာရီအချိန်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပခဲ့ကြောင်းသိရသည်။ဆက်လက်၍ နိုင်ငံတော်မှအခမဲ့ထောက်ပံ့ပေးသည့် သင်ရိုးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်နှင့်ခဲတံများ၊ ကျောင်းစိမ်းကျောင်းဖြူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမောင်က ပေးအပ်ခဲ့ပြီး အထကကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စာရာမေရိသေးက လက်ခံခဲ့သည်။ပညာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ မေလ (၂၂)ရက်နေ့မှ ဇွန်(၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။



news-view-count-icon

25