ရန်ကုန်တိုင်းအတွင်းရှိ စိုက်ပျိုးမွေးမြူရေးဇုန်များ လက်ရှိထုတ်လုပ်မှုသည် လုံလောက်မှုမရှိသေး၍ တာဝန်ရှိသူများအားလုံး လူဦးရေနှင့်အညီ Supply နှင့် Demand ကို မျှတမှုရှိစေရေး တွက်ချက်ဆောင်ရွက်ရန် ဒုတိယဝန်ကြီးချုပ်က ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ညောင်နှစ်ပင် စိုက်ပျိုးရေးမွေးမြူရေးဇုန်နှင့် ရွှေပြည်သာ စိုက်ပျိုးမွေးမြူရေးဇုန်စီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် မှာကြားသည်။



