အဆိုတော်ထိုက်ထိုက်ဟာ ဟန်းမိတ်အိတ်လေးတွေ ကိုယ်တိုင်ထုတ်လုပ်နေသူတစ်ဦးဖြစ်ပြီး ငလျင်မှာ စွမ်းစွမ်းတမံကူညီခဲ့ကြပင်ပန်းခဲ့ကြတဲ့ ကူညီကယ်ဆယ်ရေးသမားလေးတွေကို ဂုဏ်ပြုတဲ့ အိတ်လေးတွေ ထုတ်ပြီး သူတို့လေးတွေဆီ ပို့ဆောင်ဂုဏ်ပြုပေးခဲ့တာဘဲဖြစ်ပါတယ်။အဆိုပါအိတ်လေးတွေဟာ ရောင်းဖို့မဟုတ်ပဲ သူတို့အတွက် ဂုဏ်ပြုဖို့သီးသန့်ထုတ်လုပ်ပေးခဲ့တာလို့ သိရပြီးအိတ်လေးမှာ ပုံဖော်ဖန်တီးထားတဲ့ ပုံလေးကလည်း ချစ်စရာလေးဖြစ်ကာအဆိုတော်ထိုက်ထိုက်ဟာ အရင်က မြန်မာမှာ နာမည်ကြီးခဲ့တဲ့ 'Tiger Girls' - 'Me N Ma Girls' အဖွဲ့ဝင်ဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။



