back

Xing Rui Fashion စက်ရုံတွင် အချိန်ပို ငြင်းသူများအား ဖိနှိပ်မှုများ ဖြစ်ပေါ်

May 23 • 7:18 AM

breaking-news

မြန်မာ

ရန်ကုန်

cover

Xing Rui Fashion စက်ရုံတွင် အချိန်ပို ငြင်းသူများအား ဖိနှိပ်မှုများ ဖြစ်ပေါ်

ရန်ကုန်ရှိ Xing Rui Fashion အထည်ချုပ်စက်ရုံတွင် အချိန်ပို (OT) ဆင်းဖို့ မဖြစ်နိုင်ကြောင်း ပြောဆိုသော အလုပ်သမားများအား “ပါးရိုက်မည်”, “အလုပ်မပေးတော့”, “ဌာနပြောင်...

ရန်ကုန်ရှိ Xing Rui Fashion အထည်ချုပ်စက်ရုံတွင် အချိန်ပို (OT) ဆင်းဖို့ မဖြစ်နိုင်ကြောင်း ပြောဆိုသော အလုပ်သမားများအား “ပါးရိုက်မည်”, “အလုပ်မပေးတော့”, “ဌာနပြောင်းမည်” ဆိုသည့် အသံကျပ်ကဲမှုများနှင့် ဖိနှိပ်မှုများ ခံနေရကြောင်း အလုပ်သမားများက ဆိုသည်။ နေ့စဉ်ည ၈နာရီ ၄၅ မိနစ်အထိ OT ဆင်းရန်၊ ပိတ်ရက်များတွင်ပါ လုပ်ကိုင်ရန် တင်းကျပ်စွာ ခေါ်ယူကြောင်း၊ မဆင်းနိုင်ပါက ဌာနပြောင်းခြင်း၊ အစောပြန်လွှတ်ခြင်း၊ OT ဖြတ်ခြင်း၊ အလုပ်ထုတ်ခြင်းများ ဖြစ်ပေါ်နေသည်။ ထို့အပြင် Brand ကိုယ်စားလှယ်များ လာစစ်စဉ်အတွင်း အမှန်ပြောပြသော အလုပ်သမားများကိုလည်း အလုပ်ထုတ်ခြင်းမျိုးရှိနေသည်ဟု သိရသည်။ OVS အမှတ်တံဆိပ်အတွက်အဓိကချုပ်ထုတ်သူဖြစ်သည့် Xing Rui Fashion သည် တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး ရွှေပြည်သာမြို့နယ်ရှိ သာဓုကန်စက်မှုဇုန်တွင် တည်ရှိသည်။


news-view-count-icon

15