back

မိုးဇလမှထုတ်ပြန်သည့် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

May 23 • 7:15 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မိုးဇလမှထုတ်ပြန်သည့် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

၂၀၂၅ ခုနှစ်၊ မေလ ၂၃ ရက်နေ့၊အချိန်ထုတ်ပြန်ချက်အရရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအ...

၂၀၂၅ ခုနှစ်၊ မေလ ၂၃ ရက်နေ့၊အချိန်ထုတ်ပြန်ချက်အရရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်မှာ-နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်ဖြစ်ကာအမြင့်တာအားဖြင့် ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်နဲ့ရေပြင်လေဟာ အနောက် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ ၂၅ မိုင်မှ မိုင် ၃၀ထိဖြစ်ကာလှိုင်းအ‌ခြေအနေမှာ-လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီးလှိုင်းအမြင့်မှာ ၇ ပေမှ ၉ ပေခန့်ထိဖြစ်ပါတယ်။ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်မှာ-နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်ဖြစ်ကာအမြင့်တာအားဖြင့် ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်နဲ့ရေပြင်လေဟာတောင် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ ၂၅ မိုင်မှ မိုင် ၃၀ထိဖြစ်ကာလှိုင်းအ‌ခြေအနေမှာ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီးလှိုင်းအမြင့်မှာ ၇ ပေမှ ၉ ပေခန့်ထိဖြစ်ပါတယ်။

news-view-count-icon

25