back

စစ်ကိုင်းမှာထောပတ်အိုးမွှေနေရင်း အိုးထဲပြုတ်ကျ အပူလောင်သေဆုံးမှု ဖြစ်ပွားခဲ့

May 23 • 5:30 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းမှာထောပတ်အိုးမွှေနေရင်း အိုးထဲပြုတ်ကျ အပူလောင်သေဆုံးမှု ဖြစ်ပွားခဲ့

မေလ ၂၂ ရက် နေ့လယ်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့မှာကျိုချက်နေတဲ့ ထောပတ်အိုးမွှေနေရင်း ရုတ်တရက် အတက်ရောဂါဖောက်လာလို့ အိုးထဲပြုတ်ကျသူအမျိုးသားတစ်ဦး...

မေလ ၂၂ ရက် နေ့လယ်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့မှာကျိုချက်နေတဲ့ ထောပတ်အိုးမွှေနေရင်း ရုတ်တရက် အတက်ရောဂါဖောက်လာလို့ အိုးထဲပြုတ်ကျသူအမျိုးသားတစ်ဦးကို အချိန်မီဆေးရုံတင်ပို့ပေမယ့် ဆေးရုံမှာကုသမှုခံယူနေစဉ် သေဆုံးခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ဖြစ်စဉ်က စစ်ကိုင်းမြို့ စျေးကုန်းရပ်နေ အသက် ၃၉ နှစ်အရွယ် အမျိုးသားမှာ အတက်ရောဂါကြောင့် ထောပတ်ကျိုနေရင်း အိုးထဲပြုတ်ကျလို့ တစ်ကိုယ်လုံးနီးပါး အပူလောင်၊ အရည်ပြားကွာကျ ဒဏ်ရာတွေရရှိကာ ဆေးရုံတင်ပို့ခဲ့ရတာဖြစ်ပြီးမြေပြင်မှာ သွားရောက်ကူညီပေးခဲ့တဲ့ အိုးဘို Recuse မှ တာဝန်ရှိသူက “ကျွန်တော်တို့ရောက်တော့ သူက ထပြီး မတ်တပ်ရပ် ‌လမ်းလျှောက်တာတွေ ဘာတွေ လုပ်နိုင်သေးတာ၊အပူလောင်တာကတော့ တစ်ကိုယ်လုံးပဲ၊သူပုဆိုးဝတ်ထားတဲ့ နေရာပဲ နည်းနည်း တော်သေးပေမယ့် ထိတော့ ထိတာပဲ၊ဆေးရုံရောက်ပြီး တစ်နာရီလောက်ပဲ ခံတယ်၊ဆုံးတယ်လို့သိရပါတယ်။




news-view-count-icon

17