မေလ(၂၁)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စုမှငလျင်ဘေးသင့် အိမ်ထောင်စု (၃၂၃) စုအား အိမ်ထောင်စု(၁)စု လျှင်တာပေါ်လင်(၁)ချပ်၊ အိမ်ဆောက်အထောက်အကူပြုပစ္စည်း(၁)စုံ၊စောင်(၁)ထည်၊ ခြင်ထောင်(၁)လုံး၊
အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁)စုံ၊ ရေသန့်ဘူး(၁လီတာ)(၃)ဘူး တို့ကို ထောက်ပံ့ပေးခဲ့ပါတယ်။


