back

လားရှိုးအချို့ကျောင်းများ၌ “အခမဲ့” ကြေညာချက်နှင့်မညီသော ငွေကောက်ခံမှုများ ရှိနေ

May 23 • 3:42 AM

breaking-news

မြန်မာ

ရှမ်း

cover

လားရှိုးအချို့ကျောင်းများ၌ “အခမဲ့” ကြေညာချက်နှင့်မညီသော ငွေကောက်ခံမှုများ ရှိနေ

ပညာရေးဝန်ကြီးဌာနမှ ၂၀၂၅–၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းလခအပါအဝင် မည်သည့်အခကြေးငွေမျှ မကောက်ခံရန် ကြေညာထားသော်လည်း၊ လားရှိုးမြို့ရှိအထက်တန်...

ပညာရေးဝန်ကြီးဌာနမှ ၂၀၂၅–၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းလခအပါအဝင် မည်သည့်အခကြေးငွေမျှ မကောက်ခံရန် ကြေညာထားသော်လည်း၊ လားရှိုးမြို့ရှိအထက်တန်းကျောင်းအချို့၌ KG တန်းသစ်ဝင်သူများအား ကျောင်းအဆောက်အဦအတွက် ငွေကျပ်သိန်းတစ်ထောင်အထိ ကောက်ခံခြင်းများရှိနေကြောင်း ဒေသခံမိဘများက ပြောကြသည်။ တချို့ကျောင်းများတွင် မိဘများထံမှ စာရေးကိရိယာဝယ်ရန်၊ ကျောင်းပြုပြင်ရန် စသည့်အတွက် ငွေတောင်းခံမှုများလည်း ရှိနေကြောင်း သိရှိရသည်။ ဒေသအလိုက် လုပ်ဆောင်မှုများက ကြေညာချက်နှင့် ထပ်မံမညီမှုရှိနေသည်ဟု ပြည်သူများက သုံးသပ်ထားသည်။


news-view-count-icon

14