မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ မေလ ၁၀ ရက်နေ့အထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၈၆၀ ကျော်ရှိပြီး ၄ ဦး ထိသေဆုံးခဲ့ရပါတယ်။ရောဂါဖြစ်ပွားမှုနှင့် ဆုံးပါးမှုအရေအတွက်သည် ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက လျော့ကျသွားကာသွေးလွန်တုတ်ကွေးရောဂါသည် မြန်မာနိုင်ငံတွင် မိုးရာသီတွင် ပုံမှန်အားဖြင့် ခြင်မှ တစ်ဆင့် ကူးစက်သောရောဂါ ဖြစ်ပြီး မြန်မာနိုင်ငံ၏ မိုးရာသီတွင် အဆိုပါ ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာသလိုကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ရောဂါပြန့်ပွားမှု တားဆီးကာကွယ်ရေး စီမံချက်များကို ဆက်လက်ဆောင်ရွက်လျက် ရှိပါသည်။



