ယေန့မေလ ၂၃ ရက်၊ နံနက် ၅ နာရီဝန်းကျင်၌
မော်လမြိုင်-သံဖြူဇရပ်လမ်းမကြီး ရွှေနတ်တောင်ကျောင်းအနီးတွင် ကား နှစ်စီးတိုက်မိရာမှ အမျိုးသားတစ်ဦး သေဆုံး သွားခဲ့ ပါတယ် ဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းနှစ်ဦးလုံးမှာ ကားအတွင်းညပ်နေခဲ့သလို တစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိ၍ တစ်ဦးမှာ သေဆုံးသွားခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါ ယာဉ်တိုက်မှုကြောင့် ရွှေနတ်တောင်လူမှုကယ်ဆယ်ရေးအဖွဲ့မှ အသက်ရှင်လျက်ကျန်နေသည့် အမျိုးသားတစ်ဦးအား ကယ်ထုတ်ပြီး မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကာ ရာမညလူမှုကယ်ဆယ်ရေး (ပရဟိတဟံသာ) မွန်လူငယ်များအဖွဲ့မှ ဖြစ်စဉ်နေရာတွင် ကားအတွင်းညပ်၍ သေဆုံးနေသော အမျိုးသားအားဆွဲထုတ်ပြီး မော်လမြိုင်ဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ပါတယ်။


