မြန်မာနိုင်ငံသည် လျှပ်စစ်လိုအပ်ချက်များဖြည့်ဆည်းနိုင်ရန် ပြန်ပြည့်မြဲစွမ်းအင်ရင်းမြစ်များဖြစ်သော ရေအား၊ နေရောင်ခြည်၊ လေအား စသည့်နည်းလမ်းများမှဓာတ်အားထုတ်လုပ်ရေးကို တိုးမြှင့်နိုင်ရန် BREP အဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာဖွံ့ဖြိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။



