၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် သန်လျင်မြို့ရှိ ခေမာရာမသီလရှင်စာသင်တိုက်နှင့် သီလရှင်ပညာရေးကျောင်း၌ ပညာဒါနအလှူတော်ငွေ လှူဒါန်းပွဲကို ဆောင်ရွက်ကျင်းပခဲ့ကြောင်း သိရသည်။ သီလရှင်တော်မများ၏ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်သည့်အလှူတော်ပွဲဖြစ်သည်။



