back

၂၀၂၄ ခုနှစ်အတွက် အမျိုးသားစာပေဆု (ပဏာမအဆင့်) စိစစ်ရွေးချယ်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ရန်ကုန်မြို့တွင် ပြုလုပ်

May 22 • 4:56 PM

breaking-news

မြန်မာ

ရန်ကုန်

cover

၂၀၂၄ ခုနှစ်အတွက် အမျိုးသားစာပေဆု (ပဏာမအဆင့်) စိစစ်ရွေးချယ်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ရန်ကုန်မြို့တွင် ပြုလုပ်

ရန်ကုန်တိုင်း​ဒေသကြီး၊ ​ကျောက်တံတားမြို့နယ်၊ ကုန်သည်လမ်းနှင့် ပန်းဆိုးလမ်း၊ ၃၇ ​ထောင့်ရှိ စာ​ပေဗိမာန်ရုံးခန်း အစည်းအဝေးခန်းမ၌ ​မေ ၂၂ ရက်က ၂၀၂၄ ခုနှစ်အတွက် အမျို...

ရန်ကုန်တိုင်း​ဒေသကြီး၊ ​ကျောက်တံတားမြို့နယ်၊ ကုန်သည်လမ်းနှင့် ပန်းဆိုးလမ်း၊ ၃၇ ​ထောင့်ရှိ စာ​ပေဗိမာန်ရုံးခန်း အစည်းအဝေးခန်းမ၌ ​မေ ၂၂ ရက်က ၂၀၂၄ ခုနှစ်အတွက် အမျိုးသားစာ​ပေဆု(ပဏာမအဆင့်) စိစစ်​​ရွေးချယ်ခြင်း ဒုတိယအကြိမ်ကို အစီအစဥ်နှစ်ဖြင့် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။အဆိုပါ ၂ဝ၂၄ ခုနှစ် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (ပဏာမအဆင့်) အစည်းအဝေးကို နံနက် ၁၀ နာရီမှ ၁၁ နာရီအထိလည်းကောင်း၊ နံနက် ၁၁ နာရီမှ မွန်းတည့် ၁၂ နာရီအထိလည်းကောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။




news-view-count-icon

27