Apple Watch S10 ဈေးနှုန်းရဲ့ ၅ ပုံ ၁ ပုံသာရှိပြီး ပိုမိုကောင်းမွန်စမတ်ကျတဲ့ Feature တွေပါဝင်တဲ့ HUAWEI Watch Fit 4 Series ကို မြန်မာနိုင်ငံမှာ ကျပ် ၃၉၉,၀၀၀ နှုန်းနဲ့ မနက်ဖြန် မေလ ၂၃ ရက်မှာစတင်ဝယ်ယူနိုင်ကြောင်း စာနယ်ဇင်းမိတ်ဆက်ပွဲကို ယနေ့ မေလ ၂၂ ရက် နေ့လယ် ၂ နာရီက ရန်ကုန်မြို့ Myanmar Plaza မှာ ကျင်းပခဲ့ပါတယ်။လူတစ်ယောက်ရဲ့ကျန်းမာရေးကို အဆင့်မြင့် စမတ်ကျကျ စောင့်ကြည့်နိုင်မယ့် ECG Monitoring ၊ သိပ္ပံနည်းကျ Sleep Monitoring၊ Pro-Level အားကစားတွေ လှုပ်ရှားမှုအတွက် နာရီနဲ့ရေငုံနိုင်သလို တောင်ပေါ်လမ်းညွှန်ချက်လည်း ပါဝင်တာလည်းဖြစ်ပါတယ်။အရောင်အနေနဲ့ Fit 4 Series အနေနဲ့ ခရမ်း၊ အဖြူ၊ အမဲ အပြင် Fit 4 PRO က အစိမ်းနဲ့ အမဲအရောင်တွေကို ကျပ် ၃၉၉,၀၀၀ နှုန်းနဲ့ မနက်ဖြန် မေလ ၂၃ ရက်မှာ စတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။



