မဏိပူရ်ပြည်နယ်၊ တင်နိုပယ်ခရိုယ် အိန္ဒိယနယ်စပ် တစ်နေရာမှာ စစ်ရှောင်နေတဲ့ မြန်မာစစ်ဘေးရှောင်မိသားစုများကို မိုးရေးမြို့ အခြေစိုက် အရပ်ဘက်အဖွဲ့စည်းတစ်ခုဖြစ်တဲ့ Hill Tribal Council (HTC) အဖွဲ့ ဦးဆောင်မှုနဲ့ မေလ ၂၁ရက်နေ့က စားနပ်ရိက္ခာများ ထောက်ပံ့ပေးခဲ့တယ်လို့ စစ်ရှောင်များကပြောပါတယ်။အဆိုပါထောက်ပံပစ္စည်းများကို မိုးရေးမြို့ရှိ အသင်းတော်အဖွဲ့စည်းများ၊ ကားအသင်းအဖွဲ့အစည်းများနဲ့ အခြားအဖွဲ့အစည်းအသီးသီးများမှ ထည့်ဝင်ထားတဲ့ အလှူငွေများနဲ့ ဆန် ၉၃အိပ်နဲ့ ပဲရာဇာ ၂၄အိပ်တို့ကိုသွားရောက်ထောက်ပံ့ ကူညီခဲ့တာလို့ HTC အဖွဲ့ထံမှ သိရပါတယ်။



