back

ရည်းစားဟောင်းကချိန်းဆို၍ လူပြတ်သောနေရာ၌ ဓားဖြင့်ထိုးသောဖြစ်ရပ် ရန်ကင်း၌ဖြစ်ပွား

May 22 • 2:42 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရည်းစားဟောင်းကချိန်းဆို၍ လူပြတ်သောနေရာ၌ ဓားဖြင့်ထိုးသောဖြစ်ရပ် ရန်ကင်း၌ဖြစ်ပွား

မေလ ၁၉ ရက် ည ၈ နာရီခွဲဝန်းကျင်က ရည်းစားဟောင်းဖြစ်သူက ချိန်းဆိုမှုကြောင့် ထွက်တွေ့ခဲ့သော အမျိုးသမီးငယ်တစ်ဦးမှာ ပြဿနာတစ်ခုခုရှာမည်စိုး၍ လူများသော City Mart နားသို...

မေလ ၁၉ ရက် ည ၈ နာရီခွဲဝန်းကျင်က ရည်းစားဟောင်းဖြစ်သူက ချိန်းဆိုမှုကြောင့် ထွက်တွေ့ခဲ့သော အမျိုးသမီးငယ်တစ်ဦးမှာ ပြဿနာတစ်ခုခုရှာမည်စိုး၍ လူများသော City Mart နားသို့သွားရောက်ခဲ့ပြီးနောက် စကားပြောဆိုပြီး ည ၉ နာရီထိုးခါနီး၍ လမ်းလျှောက်ပြန်လာခဲ့ရာ အဆိုပါ ရည်းစားဟောင်းမှ ၅ မိနစ်လောက် စကားပြောဆိုချင်သေး၍ဟုဆိုကာ အနောက်မှလိုက်ပါလာခဲ့ပြီးနေထိုင်ရာတိုက်ခန်းနေရာအနီး လမ်းကြားတစ်ခုသို့အဖြတ်တွင် ဓားဖြင့်ထိုးခဲ့ကြောင်း ၎င်း၏လူမှုကွန်ရက်အကောင့်မှ သူငယ်ချင်းဖြစ်သူက အသိပေးရေးသားကာ ဖော်ပြထားသည်။ထိုဖြစ်ရပ်ကြောင့် အတူနေသူ သူငယ်ချင်းမိသားစုမှ ၎င်းကိုဆေးရုံသို့ပို့ခဲ့သလို သူငယ်ချင်းဖြစ်သူမှလည်း ဖြစ်စဉ်ကို ကာယံရှင်ဖြစ်သူ မေပြည့်စုံမှူး ဆိုသူ၏လူမှုကွန်ရက်အကောင့်မှတစ်ဆင့် အသိပေးရေးသားခဲ့ကြောင်း သိရသည်။လက်ရှိတွင် အမှုဖွင့်ထားပြီး ဓားဖြင့်ထိုးသူမှာ လွတ်မြောက်နေကြောင်း၊ ၎င်းမှာ ဝမ်းတွင်းကလီစာများထိခိုက်ပြီး ကလီစာတစ်ခု ထုတ်ထားရကြောင်း၊ အသည်းထိကာ ပေါက်သွားခြင်းကြောင့် ထိသွားသည့် အသည်းအနည်းငယ်ကို လှီးထုတ်လိုက်ရကြောင်း၊ အူကိုဖြတ်ပြီး ဗိုက်တွင် အိတ်ဖြင့်ချိတ်ထားရကြောင်း၊ လည်ပင်းတွင်လည်း ဓားဒဏ်ရာများရရှိထားပြီး ရင်ဘတ်နှင့်ဗိုက်တွင် ပိုက်နှစ်ချောင်းချိတ်ထားရသလို ယနေ့ထိ ရေနှင့် အစားအစာ စားသောက်၍မရဘဲ ဆေးကုသမှုခံယူနေရကြောင်းလည်း သိရသည်။



news-view-count-icon

16