ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ အခြေခံ ပညာ အစိုးရ ကျောင်းများတွင် ကျောင်းအပ်နှံခြင်း၊ ကျောင်းထွက် လက်မှတ်ထုတ်ယူခြင်းတို့အတွက် ကျောင်း သားမိဘများထံ မှ ငွေ ကြေးကောက်ခံခြင်း လုံးဝ ခွင့်ပြုထားခြင်းမရှိကြောင်း ဖားကန့်မြို့နယ် ပညာ ရေးမှူးက ဆိုသည်။ကျောင်းထွက်လက်မှတ်ထုတ်ယူရာတွင် ကျောင်းအုပ်ကြီး လက်မှတ်အပြင် မြို့နယ် ပညာရေးမှူး၏ လက်မှတ် များပါမှသာလျင်ပြည့်စုံမှုရှိ၍ မြို့နယ်မှူး ရှိသည့် မြို့နယ်၊ ကျေးရွာတို့တွင် သွားရောက် လုပ်ဆောင်ရသည့် ကဏ္ဍများလည်းရှိပြီး အချို့ကျောင်းသားမိဘများမှာ လမ်းစရိတ်အနေဖြင့် ကျခံပေးခြင်းဖြစ်ကြောင်း သိရသည်။



