back

မြိတ်မြို့လယ် လူအသွားအလာများသည့်လမ်းပေါ် လုယက်မှုဆက်တိုက်ဖြစ်

May 22 • 2:21 PM

breaking-news

မြန်မာ

တနင်္သာရီ

cover

မြိတ်မြို့လယ် လူအသွားအလာများသည့်လမ်းပေါ် လုယက်မှုဆက်တိုက်ဖြစ်

မေလ ၂၀ရက် ညတွင် မြိတ်မြို့ ပါရမီလမ်းတွင် လုယက်မှုသုံးကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ငွေကြေးနှင့် ဖုန်းအချို့ လုယက်ခံရကြောင်း မြို့ခံအချို့က ပြောသည်။ အဆိုပါညတွင် ဆ...

မေလ ၂၀ရက် ညတွင် မြိတ်မြို့ ပါရမီလမ်းတွင် လုယက်မှုသုံးကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ငွေကြေးနှင့် ဖုန်းအချို့ လုယက်ခံရကြောင်း မြို့ခံအချို့က ပြောသည်။ အဆိုပါညတွင် ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားတစ်ဦး လုယက်ခံရရာ ငွေကျပ် ၂ သိန်းဝန်းကျင်နှင့် လက်ကိုင်ဖုန်း တစ်လုံးပါသွားသည်ဟု သိရကြောင်း ၎င်းတို့က ဆိုသည်။ထို့နောက် ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသမီးတစ်ဦး ထပ်မံလုယက်ခံရရာ ငွေကျပ် ၂ သိန်းကျော်ပါသွားပြီး ဆိုင်ကယ် တစ်စီးတည်းအတူစီးလာသည့် အခြားအမျိုးသမီးနှစ်ဦးကို ထပ်မံလုယက်ခဲ့သော်လည်း ပစ္စည်းတစ်စုံတစ်ရာ မပါသွား ကြောင်း မြို့ခံအချို့က ပြောဆိုသည်။အဆိုပါလုယက်မှုသုံးခုစလုံးကို အမဲရောင် အင်္ကျီလက်ရှည် ဝတ်ဆင်ကာ ဆိုင်ကယ်ဦးထုပ်ဆောင်းထားသည့် အမျိုးသား တစ်ဦးက ဆိုင်ကယ်ချင်းကပ်မောင်းကာ လုယက်နေခြင်းဖြစ်ကြောင်း လုယက်ခံရသူများ၏ ပြောဆိုချက်ကို ကိုးကားပြီး မြို့ခံတစ်ဦးက ဆိုသည်။ 


news-view-count-icon

16