ထိုင်း မော်တော်ယာဉ်လုပ်ငန်းကဏ္ဍသည် ဧပြီလတွင် ထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့မှု ဆက်လက်ကျဆင်းနေပြီး အခရာကျသည့် ပစ်ကပ် ထုတ်လုပ်မှု ၃၃% ကျဆင်းခဲ့သည်။ ၂၃ လတာတွင် ပထမဆုံးအကြိမ်အဖြစ် ရောင်းအားမြင့်တက်ခဲ့သည်ဟု ထိုင်းစက်မှုလုပ်ငန်းများအဖွဲ့ချုပ် Federation of Thai Industries FTI က ကြာသပတေးနေ့ (မေ ၂၂ )တွင် ပြောကြားသည်။ ပစ်ကပ်များ ဘဏ်ချေးငွေ တင်းကျပ်ထားသဖြင့် ရောင်းအား လျော့ကျခဲ့ပြီး အိမ်စီးကားများ ရောင်းအား မြင့်တက်ခဲ့သည်ဟု FTI ၏ မော်တော်ကားလုပ်ငန်းဌာနခွဲမှ ပြောရေးဆိုခွင့်ရှိသူ Surapong Paisitpattanapong က ပြောကြားသည်။ ကားထုတ်လုပ်မှု ၀.၄% လျော့နည်းခဲ့ပြီး ၁၀၄,၂၅၀ စီး ထုတ်လုပ်ခဲ့သည်။ မတ်လတွင် ၆.၁% လျော့နည်းခဲ့သည်။ ကျဆင်းနေသည်မှာ ၂၁ လ ဆက်တိုက် ရှိသွားပြီ ဖြစ်သည်။



