ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ တလန်ရွာ (ခ) ကျေးရွာမှာ မနေ့မေလ ၂၁ ရက်မနက်အစောပိုင်းမှာ လူနေအိမ် တစ်လုံးမီးလောင်ပြာကျခဲ့တယ်လို့ ဒေသခံများထံကနေသိရပါတယ်။အဆိုပါမီးလောင်မှုမှာ လူအထိအခိုက်မရှိပေမယ့် အိမ်ထဲက ပစ္စည်းများ အနည်းငယ်သာထုတ်နိုင်ပြီး အများစုကမီးထဲပါသွားတယ်လို့သိရပါတယ်။



