စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၌ တန်ဖိုးမြှင့်စားသောက်ကုန်(Bakery အမျိုးမျိုး) ထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀:၀၀)နာရီက ရွှေဘိုခရိုင် မီးသတ်ဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။အဆိုပါ သင်တန်းကို သင်တန်းသား/သင်တန်းသူ (၂၀)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ မေလ ၂၂ ရက်နေ့မှ မေလ၂၆ ရက်နေ့ထိ ၅ ရက်ကြာ စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးသွား မည်ဖြစ်ကြောင်း သိရသည်။



