back

ရေနစ် သေဆုံးသွားခဲ့တဲ့ အမျိုးသမီးငယ် ၄ ဦး ရခိုင်ပြည်နယ်ချိန်ခါလီရွာခံ မဟုတ်တဲ့အတွက် မီးသဂြိုလ်ခွင့်မပေး

May 22 • 12:37 PM

breaking-news

မြန်မာ

ရခိုင်

cover

ရေနစ် သေဆုံးသွားခဲ့တဲ့ အမျိုးသမီးငယ် ၄ ဦး ရခိုင်ပြည်နယ်ချိန်ခါလီရွာခံ မဟုတ်တဲ့အတွက် မီးသဂြိုလ်ခွင့်မပေး

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ချိန်ခါလီကျေးရွာမှာ မေလ ၂၁ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က စစ်ရှောင် အမျိုးသမီးငယ် ၄ ဦး ရေဆင်း ချိုးရာကနေ ရေနစ် သေဆုံး သွားခဲ့ပြီး ချ...

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ချိန်ခါလီကျေးရွာမှာ မေလ ၂၁ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က စစ်ရှောင် အမျိုးသမီးငယ် ၄ ဦး ရေဆင်း ချိုးရာကနေ ရေနစ် သေဆုံး သွားခဲ့ပြီး ချိန်ခါလီရွာခံ မဟုတ်တဲ့အတွက် မီးသဂြိုလ်ခွင့်မပေးဘူးလို့ သိရပါတယ်။ရေနစ်သေဆုံးသွားခဲ့ရတဲ့ အမျိုးသမီးတွေက အသက် ၁၅ နှစ်အရွယ် မဌေးဌေးဝင်း၊ အသက် ၁၆ နှစ်အရွယ် မငြိမ်းငြိမ်းလှိုင်၊ အသက် ၂၀ နှစ်အရွယ် မဇိတ်မချေ နဲ့ အသက် ၂၃ နှစ်အရွယ် မဌေးဝင်းဦး တို့ဖြစ်ကာ အမျိုးသမီးငယ်တွေဟာ စစ်တွေမြို့နယ် သင်းပုန်းတန်းကျေးရွာကနေ စစ်ရှောင်လာကြသူ တွေ ဖြစ်ပါတယ်။ရေနစ်သေဆုံး‌သွားတဲ့ အမျိုးသမီးငယ် ၄ ဦးဟာ ရွာခံမဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ကျေးရွာရဲ့ သင်္ချိုင်းကုန်းမှာ မီးသဂြိုလ်ခွင့်မပေးဘဲ အဝတ်နဲ့ပတ်ပြီး ရေထဲမျောရမယ်လို့ ရွာခံတွေက ပြောကြပါ တယ်။



news-view-count-icon

37