back

ရန်ကုန်တိုင်း ၊အလုံမြို့နယ် ရပ်ထားတဲ့ YBS ယာဉ်ကို စားအုံးဆီတင်ကုန်ကား နောက်ကဝင်တိုက် အမျိုးသားတစ်ဦး ထိခိုက်

May 22 • 8:11 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်း ၊အလုံမြို့နယ် ရပ်ထားတဲ့ YBS ယာဉ်ကို စားအုံးဆီတင်ကုန်ကား နောက်ကဝင်တိုက် အမျိုးသားတစ်ဦး ထိခိုက်

ယနေ့ မေလ ၂၂ ရက် မနက် ၆ နာရီခွဲကျော်အချိန်ကရန်ကုန်တိုင်း အလုံမြို့နယ် ကမ်းနားလမ်း သခင်မြပန်းခြံအနီးတွင်ရပ်ထားသော YBS ၅၈ ခရီးသည် တင်ယာဥ်ကို စားအုံးဆီပုံးတွေတင်လာတ...

ယနေ့ မေလ ၂၂ ရက် မနက် ၆ နာရီခွဲကျော်အချိန်ကရန်ကုန်တိုင်း အလုံမြို့နယ် ကမ်းနားလမ်း သခင်မြပန်းခြံအနီးတွင်ရပ်ထားသော YBS ၅၈ ခရီးသည် တင်ယာဥ်ကို စားအုံးဆီပုံးတွေတင်လာတဲ့ ကုန်ကားတစ်စီးက နောက်ကနေ ဝင်ရောက်တိုက်မိခဲ့တဲ့ အတွက် အမျိုးသားတစ်ဦး ဒဏ်ရာရရှိသွားခဲ့ပါတယ်။အခင်းဖြစ်နေရာသို့ အလုံ မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးခဲ့ ပါတယ်။ထိခိုက်ဒဏ်ရာရရှိသူကို "အနာဂတ်အလင်းတန်း"ပရဟိတအသင်းကလည်း No.4 ရှာဖွေကယ်ဆယ်ရေး အထောက်ကူပြု ယာဉ်တစ်စီးနဲ့ သွားရောက်ပူးပေါင်း ကူညီပေးခဲ့တယ်လို့ သိရပါတယ်။အဆိုပါ ယာဥ်တိုက်မှုဖြစ်စဥ်မှ ဒဏ်ရာရရှိထားသူ အမျိုးသားတစ်ဦး(မစိုးရိမ်)ကို ကယ်ဆယ်ရေးအဖွဲ့က ကယ်ထုတ်နိုင်ခဲ့ပြီး အလုံကြက်ခြေနီအသင်းနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားပါတယ်။

news-view-count-icon

28