back

ထိုင်းမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားများကို CI စာအုပ်ပြုလုပ်ပေးရေး ထိုင်း-မြန်မာ နှစ်နိုင်ငံတာဝန်ရှိသူတွေ ဆွေးနွေး

May 22 • 7:56 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားများကို CI စာအုပ်ပြုလုပ်ပေးရေး ထိုင်း-မြန်မာ နှစ်နိုင်ငံတာဝန်ရှိသူတွေ ဆွေးနွေး

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် CI စာအုပ်ပြုလုပ်ပေးရေးကိစ္စနဲ့ပတ်သက်ပြီး ထိုင်း-မြန်...

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် CI စာအုပ်ပြုလုပ်ပေးရေးကိစ္စနဲ့ပတ်သက်ပြီး ထိုင်း-မြန်မာ နှစ်နိုင်ငံတာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြပါတယ်။အဆိုပါ ဆွေးနွေးပွဲကို မနေ့က မေလ ၂၁ ရက် မနက် ၉ နာရီအချိန်မှာ ထိုင်းအလုပ်သမားစီမံခန့်ခွဲရေးဦးစီးဌာန၊ တီထေ့ခန်းမမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး မြန်မာဘက်က VDO Conference နဲ့ အစည်းအဝေးတက်ခဲ့တယ်လို့ သိရပါတယ်။အလားတူ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် အလုပ်သမားတွေကိုလည်း CI စာအုပ်စာအုပ်ပြုလုပ်ပေးဖို့ ထိုင်းအလုပ်သမားစီမံခန့်ခွဲရေးဦးစီးဌာနမှာ သက် ဆိုင်ရာ နိုင်ငံအလိုက် တာဝန်ရှိသူများနဲ့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

news-view-count-icon

16