ထိုင်းနိုင်ငံ၊ ချွန်ဘူရီပြည်နယ်မှာ တရားမဝင်တင်သွင်းလာတဲ့ အီလက်ထရွန်နစ်စွန့်ပစ်ပစ္စည်း (e-waste) ၁၁၈ တန်ကို သိမ်းဆည်းရမိခဲ့ပါတယ်။စက်မှုဝန်ကြီးဌာနအနေနဲ့ တရားမဝင် e-waste တင်သွင်းမှုသတင်းရပြီးနောက် ချွန်ဘူရီပြည်နယ်၊ Laem Chabang ဆိပ်ကမ်းရှိ MHC Group Free Zone Co Ltd ရဲ့ ကွန်တိန်နာ ၆ လုံးကို စစ်ဆေးဖို့ စက်မှုဝန်ကြီး Akanat Promphan က အမိန့်ပေးခဲ့ပြီးနောက် သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။အာဏာပိုင်တွေက ကွန်တိန်နာတွေထဲမှာ ကုန်ပစ္စည်း ၁၁၈ တန်ကို တွေ့ရှိခဲ့ပြီး၊ အဲဒါတွေကို အမေရိကန်ကနေ သွင်းလာတဲ့ သတ္တုအပိုင်းအစရောနှော (mixed metal scrap) လို့ ကြေညာထားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအပိုင်းအစတွေထဲမှာ Basel Convention အရ အန္တရာယ်ရှိ e-waste အဖြစ် သတ်မှတ်ထားတဲ့ ပရင့်ထုတ်ထားတဲ့ ဆားကစ်ပြားတွေ (printed circuit boards) နဲ့ ထိုင်းဥပဒေအရ အန္တရာယ်ရှိ ဓာတုစွန့်ပစ်ပစ္စည်းတွေ ပါဝင်နေတာကို တွေ့ရှိခဲ့ရပါတယ်။
May 22 • 7:17 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 26 | 0 | 0 | 0 |


