back

စစ်ကိုင်းတိုင်းဒေသကြီးတွင် တရားဝင်စာရွက် စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းသုံးမျိုးဖမ်းမိခဲ့

May 22 • 5:35 AM

breaking-news

မြန်မာ

စစ်ကိုင်း

breaking-news
cover

စစ်ကိုင်းတိုင်းဒေသကြီးတွင် တရားဝင်စာရွက် စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းသုံးမျိုးဖမ်းမိခဲ့

မေလ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်...

မေလ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက် စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းသုံးမျိုး၊ လုပ်ငန်းသုံးပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၀,၀၂၀,၀၀၀) နှင့် လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၅၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ ကလေးမြို့ တောင်ဇလပ်ရပ်ကွက်၌ တရားမဝင် စက်သုံးဆီ ဓာတ်ဆီ ၂၂ ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၂,၀၀၀)ကို ရေနံနှင့် ရေနံထွက်ပစ္စည်း ဆိုင်ရာဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၉,၀၉၂,၀၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိပါတယ်။


news-view-count-icon

27