လှိုင်သာယာရှိ ချန်းရိ (Tsang Yih) Adidas ဖိနပ်စက်ရုံ၌ လုပ်ခလစာတိုးရန် ဆန္ဒပြနေကြသည့် အလုပ်သမားများအတွက် နေ့စားခကို တစ်ရက် ၁၂,၀၀၀ ကျပ်အထိ တိုးပေးလိုက်ကြောင်း သိရသည်။ မေလ ၁၅ ရက်မှ စတင်ခဲ့သော ဆန္ဒပြမှုသည် မေလ ၂၀ ရက်နေ့ ညပိုင်းတွင်သာ အလုပ်ရှင်ဘက်က တောင်းဆိုချက်များကို လက်ခံညှိနှိုင်းခဲ့ခြင်းဖြစ်သည်။



