ထိုင်း ကျန်းမာရေး ဝန်ကြီး Somsak Thepsutin က ထိုင်းမှာ ဆေးခြောက် သုံးစွဲသူတွေဟာ ဆေးထောက်ခံစာ လိုအပ်တဲ့ ဥပဒေကို ပြဌာန်းမယ်လို့ ပြောပါတယ်။ ထိုင်းမှာ ဆေးခြောက် သုံးစွဲခွင့်ပေးထားတာ ၃ နှစ်နီးပါးကြာမြင့်ပြီ ဖြစ်ပြီး ထိုင်းမှာ ဆေးခြောက်ကို မူးယစ်ဆေးဝါး စာရင်းကနေ ပယ်ဖျက်ပေးလိုက်တာကို ဝေဖန်ငြင်းခုန်မှုများစွာလည်း ရှိခဲ့ပါတယ်။ Somsak က “ ထိုင်းမှာ ဆေးခြောက် သုံးစွဲအတွက် ဥပဒေတွေကို တိုးတက်အောင် ပြုလုပ်မှာပါ။ ဥပမာ အနေနဲ့ ဆေးခြောက် သောက်သုံးသူဟာ ဆေး ထောက်ခံစာကို ပြသနိုင်ရပါမယ်။ ထိုင်း နိုင်ငံသားရော နိုင်ငံခြားသားပါ ဆေးထောက်ခံစာ လိုအပ်ပါတယ် “ လို့ ပြောပါတယ်။ 
May 22 • 2:59 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 36 | 0 | 0 | 0 |


