မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များအား ပထမအကြိမ် အာဆီယံဒူးရင်းပွဲတော်တွင် မြန်မာ့ဒူးရင်းမျိုးစုံကို ပါဝင်ပြသရန် ဖိတ်ခေါ်ထားပြီး၊ ဒူးရင်းစက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ကူးသန်းရောင်းဝယ်မှုချဲ့ထွင်ရေးအတွက် ရည်ရွယ်ချက်ဖြစ်ကြောင်း သိရသည်။



