မန္တလေးငလျင်ကြီးကြောင့် နေအိမ်ပျက်စီး၍ နေထိုင်ရန်အခက်အခဲဖြစ်နေသည့် မန္တလေးမြို့တော်စည်ပင်ဝန်ထမ်းများအတွက် ယာယီနေထိုင်နိုင်ရန် Container House အလုံး (၁၅၀) တပ်ဆင်တည်ဆောက်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယင်းအိမ်များသည် အရေးပေါ်နေထိုင်မှုအတွက် အချိန်အတော်ကြာအသုံးပြုနိုင်မည်ဖြစ်ပြီး ဝန်ထမ်းများ၏ နေထိုင်မှုအဆင်ပြေမှုအတွက် တည်ဆောက်ပေးခြင်း ဖြစ်သည်။



