back

လွတ်လပ်စွာကုန်သွယ်မှုအဆင့်မြှင့်တင်ရေး တရုတ်၊ အာဆီယံစေ့စပ်မှုပြီးစီး

May 22 • 1:57 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

လွတ်လပ်စွာကုန်သွယ်မှုအဆင့်မြှင့်တင်ရေး တရုတ်၊ အာဆီယံစေ့စပ်မှုပြီးစီး

တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) တို့သည် ဒစ်ဂျစ်တယ်၊ အစိမ်းရောင်စီးပွားရေးနှင့် အခြား လုပ်ငန်းနယ်ပယ်အသစ်များ ပါဝင်လာမည့် ၎င်းတို့၏ လွတ်လပ်စွာက...

တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) တို့သည် ဒစ်ဂျစ်တယ်၊ အစိမ်းရောင်စီးပွားရေးနှင့် အခြား လုပ်ငန်းနယ်ပယ်အသစ်များ ပါဝင်လာမည့် ၎င်းတို့၏ လွတ်လပ်စွာကုန်သွယ်မှုနယ်ပယ်ကို ထပ်မံပြင်ဆင်‌ေရးကိုစေ့စပ်ဆွေးနွေးမှုသည်အောင်မြင်ပြီးမြောက်ခဲ့ကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မေလ(၂၁) ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ အာဆီယံသည် တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်ပြီး ၂၀၂၅ ခုနှစ် ပထမသုံးလပတ်တွင် စုစုပေါင်းကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၃၄ ဘီလျံအထိ ရှိခဲ့သည်ဟု တရုတ်အကောက်ခွန် အချက်အလက်များအရ သိရသည်။ ၃.၀ ဗားရှင်းဟု ခေါ်ဆိုသော လွတ်လပ်စွာကုန်သွယ်မှုနယ်ပယ်သည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကို အားသစ်လောင်းပေးမည်ဖြစ်ကာ ပွင့်လင်းမှု၊ အားလုံးပါဝင်မှုနှင့် နှစ်ဦးနှစ်ဘက် ပူးပေါင်းဆောင်ရွက်မှုတို့ကို လိုက်နာရန် နိုင်ငံများအတွက် ဦးဆောင်၊ စံနမူနာပြသော အခန်းကဏ္ဍမှ ပါဝင်လိမ့်မည်ဟု သတင်းထုတ်ပြန်ချက်တွင် ပါ၀င်သည်။


news-view-count-icon

19