back

မန္တလေးတိုင်း၊ကျောက်ဆည်မှာ အိမ်မီးလောင်လို့ သက်ကြီးပိုင်း မိသားစုလေးယောက်လုံးသေဆုံးခဲ့ရ

May 22 • 1:21 AM

breaking-news

မြန်မာ

မန္တလေး

breaking-news
cover

မန္တလေးတိုင်း၊ကျောက်ဆည်မှာ အိမ်မီးလောင်လို့ သက်ကြီးပိုင်း မိသားစုလေးယောက်လုံးသေဆုံးခဲ့ရ

မန္တလေးတိုင်း ၊ကျောက်ဆည်မြို့ ၊ ဘောဂဝတီရပ် (ဆီဆုံ)ရပ်မှာ ဒီနေ့ မေ ၂၂ ရက်နေ့ မနက်အစောပိုင်းက နေအိမ်မီးလောင်မှုဖြစ်ပွားပြီး မိသားစုလေးယောက်လုံး မီးလောင်သေဆုံးခဲ့...

မန္တလေးတိုင်း ၊ကျောက်ဆည်မြို့ ၊ ဘောဂဝတီရပ် (ဆီဆုံ)ရပ်မှာ ဒီနေ့ မေ ၂၂ ရက်နေ့ မနက်အစောပိုင်းက နေအိမ်မီးလောင်မှုဖြစ်ပွားပြီး မိသားစုလေးယောက်လုံး မီးလောင်သေဆုံးခဲ့ရပါတယ်။ မီးလောင်မှုက မနက်အစော ၁ နာရီမိနစ်၅၀ခန့်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး မီးလောင်မှုကြောင့် သေဆုံးသူတွေက အသက် ၉၃ နှစ်အရွယ် ဒေါ်တင်အောင်၊ အသက် ၇၅ နှစ်အရွယ် ဒေါ်ထွေးထွေး( မြို့နယ်ပညာရေးမှူးအငြိမ်းစား)၊ အသက် ၆၆ နှစ်အရွယ် ဒေါ်နွယ်နွယ်ဦး (မြို့နယ်ပညာရေးမှူး(အငြိမ်းစား)၊ အသက် ၅၈ နှစ်အရွယ် ဒေါ်ခင်သူဇာ (အမက-ကျောင်းအုပ်- သပြေကုန်း ကျေးရွာ၊ ကျောက်ဆည်မြို့နယ်)တို့ သေဆုံးခဲ့တာဖြစ်ပါတယ်။ အဆိုပါနေအိမ် မီးလောင်မှုက နေအိမ်အတွင်းအသုံးပြုတဲ့ ဆိုလာဘက်ထရီကနေမှတဆင့် ရှော့ဖြစ်ပြီး မီးလောင်တာဖြစ်တယ်လို့ကနဦး သိရပါတယ်။ မီးလောင်မှုကြောင့် သေဆုံးခဲ့တဲ့ အမျိုးသမီးအလောင်း လေးလောင်းကိုတော့ ကျောက်ဆည်ဆေးရုံကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။



news-view-count-icon

15