back

မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကြွေးဟောင်းကျေ မှ ထုတ်ချေးမယ်လို့အသိပေး

May 21 • 4:19 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကြွေးဟောင်းကျေ မှ ထုတ်ချေးမယ်လို့အသိပေး

၂၀၂၅ နှစ်အတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေတွေကို ယခင်ကချေးငွေတွေရဲ့ အကြွေးကျန်အားလုံးကင်းရှင်းတဲ့ တောင်သူများကိုသာ ထုတ်ချေးပေးသွားမယ်လို့ မြန်မာ့လယ်ယာ ဖွံ့ဖြ...

၂၀၂၅ နှစ်အတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေတွေကို ယခင်ကချေးငွေတွေရဲ့ အကြွေးကျန်အားလုံးကင်းရှင်းတဲ့ တောင်သူများကိုသာ ထုတ်ချေးပေးသွားမယ်လို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် က အသိပေးကြေညာလာပါတယ်။ မိုးရာသီစိုက်ပျိုးစရိတ်‌ချေးငွေကို သက်ဆိုင်ရာ ခရိုင်နဲ့ မြို့နယ် ဘဏ်ခွဲများမှ တစ်ဆင့် ထုတ်ချေးနိုင်ပြီး၊ အတိုးနှုန်းအနေနဲ့ ၅ ရာ ခိုင်နှုန်းသတ်မှတ်ထားတယ်လို့သိရပါတယ်။ စီမံ/ဘဏ္ဍာဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ မြန်မာနိုင်ငံတစ်ဝန်းလုံးက တောင်သူလယ်သမားတွေထံ စိုက်ပျိုးစရိတ်ချေးငွေတွေကို နှစ်စဉ်ထုတ်ချေးပေးလျက်ရှိပါတယ်။ချေးငွေရယူလိုတဲ့ တောင်သူများအနေနဲ့ စပါးသီးနှံတစ်ဧကကို ငွေကျပ် တစ်သိန်းခွဲနှုန်း၊ အခြားသီးနှံဖြစ်ပါက တစ်ဧကကို ငွေကျပ် တစ်သိန်းနှုန်းနဲ့ ချေးယူနိုင်တာလည်း ဖြစ်ပါတယ်။ 



news-view-count-icon

20