လောင်တလိုင်-ချင်းပြည်နယ်၊ ပလက်ဝ နယ်စပ်မှ မြန်မာပြည်ဘက်သို့ ကုန်စည်သယ်ယူခွင့်ကို မီဇိုရမ်ဘက်က ပြန်ဖွင့်လိုက်ပြီလို့ ကုန်သည်တွေဆီက သိရပါတယ်။လောင်တလိုင်-ပလက်ဝ နယ်စပ်မှ မြန်မာပြည်ဘက််သို့ ကုန်စည်သယ်ခွင့်ကို မေလ ၁၆ ရက်နေ့က လောင်တလိုင်ခရိုင် မြေအခွန်ဦးစီးဌာနက ပိတ်ထားပြီး ၄ရက်မြောက် မနေ့ မေလ ၂၀ ရက်နေ့မှာ ပြန်လည်ဖွင့်ပေးလိုက်ပြီလို့ သိရပါတယ်။ပလက်ဝ-လောင်တလိုင် နယ်စပ်မှ ရခိုင်ကုန်သည်တွေဟာ လောင်စာဆီ၊ ဒီဇယ်ဆီ၊ စားသုံးဆီ၊ မုန့်မျိုးစုံ၊ ငရုပ်သီးခြောက်၊ သွပ်၊ ဘက်ထရီအိုး၊ ဆိုလာပြား၊ ပရိဘောဂ၊ စားသောက်ကုန်အမျိုးမျိုးတို့ကို ဝယ်ယူတင်သွင်းကြပြီး ရခိုင်ပြည်နယ်အနှံ့ကို ရောင်းချဖြန့်ချီနေပါတယ်။



