ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်ရဲတပ်ဖွဲ့က အသက် ၃၃ နှစ်အရွယ် DJ Tate ဟု လူသိများသော Warapong Khunsrijaturong အမည်ရှိ အမျိုးသားတစ်ဦးကို ပြန်ပေးဆွဲသတ်ဖြတ်မှုနှင့် ပတ်သက်၍ သံသယရှိသူလေးဦးကို ဖမ်းဝရမ်းထုတ်ထားပြီး တွေ့ရှိလျှင် ဘတ်ငွေ ၁၀၀,၀၀၀ (ဒေါ်လာ ၃,၀၆၀) ဆုချီးမြှင့်မည်ဖြစ်ကြောင်း မေလ ၂၁ ရက်က ကြေညာခဲ့သည်။ Dj Tate သည် မေလ ၁၄ ရက်က ပြန်ပေးဆွဲခံခဲ့ရပြီး ၎င်း၏အလောင်းကို မေလ ၁၈ ရက်တွင် ကန်ချနပူရီရှိ တောအုပ်တစ်ခုတွင် ရှာဖွေတွေ့ရှိခဲ့သည်။ အလောင်းအား စစ်ဆေးချက်အရ ဦးခေါင်းတွင် နှစ်ကြိမ်ထိုးသတ်ခံရပြီး လက်နှစ်ဖက်ကို ကြိုးဖြင့်ချည်နှောင်ထားကြောင်း သိရသည်။ အဆိုပါ တရားခံပြေးများ ၏ တည်နေရာ နှင့် ပတ်သက်ပြီး သတင်းအချက်အလက် များ ရှိပါက ကန်ချနပူရီ ရဲစခန်းသို့ အကြောင်းကြား အသိပေးထုတ်ပြန်သည်။



