ထိုင်းနိုင်ငံတွင် ဒူးရင်းသီးရောင်းသူ Sujitra (သို့) Jae Kaew Kulchan အမည်ရှိ (၄၃ နှစ်) အမျိုးသမီးတစ်ဦးသည် Surat Thani ခရိုင်တွင် မေလ ၁၇ ရက် စနေနေ့ ညနေကတည်းက ပျောက်ဆုံးနေသဖြင့် မိသားစုမှ ရဲစခန်းထံ အမှုဖွင့်တိုင်ကြားထားပြီး မေလ ၂၀ ရက် ညနေပိုင်းက ပြန်လည်တွေ့ရှိခဲ့သည်။ ပျောက်ဆုံးနေသည့်ကာလအတွင်း ရွှေထည်ပစ္စည်း ဘတ် 20 ကျော် ဝတ်ဆင်ထားပြီး ငွေသား ဘတ်တစ်သိန်းထက်မနည်း လုယက်ခံရမည်ကို စိုးရိမ်သဖြင့် ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူများက ပြည်သူများအား ပူးပေါင်းပါဝင်ပေးရန် တောင်းဆိုခဲ့သည်။ ပြန်တွေ့သည့်အခါ သူမ၏ ရွှေလက်ဝတ်ရတနာအားလုံးသည် နဂိုအတိုင်း ရှိနေပြီး သူသည် Kanchanadit ခရိုင်ရှိ ဆွေမျိုးအိမ်တွင် တည်းခိုနေပြီး မည်သူ့ကိုမျှ ထိခိုက်မှုမရှိကြောင်း ပြောကြားခဲ့သည်။



