၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို အကြိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ယခုနှစ်ဆောင်ပုဒ်ဖြစ်သည့် “ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး” “Ending Plastic Pollution” ခေါင်းစဉ်ဖြင့် ယနေ့ နံနက်ပိုင်းက အထိမ်းအမှတ်ပိုစတာများ စိုက်ထူခဲ့သည်။ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အနေဖြင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ၊ ဖော့ဘူးခွံများ ကို မြစ်၊ ချောင်း၊ မြောင်းများမှတစ်ဆင့် ပင်လယ်တွင်းသို့ စီးဝင်မှုထိန်းချုပ်နိုင်ရေး တိုးမြှင့် ဆောင်ရွက်သွားရန်နှင့် တစ်ခါသုံးပလတ်စတစ် (Single Use Plastic)သုံးစွဲမှုကို အတတ်နိုင်ဆုံး လျှော့ချသွားရန် သက်ဆိုင်ရာဌာနများ၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်သွားရန် စီမံချက်ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။



