back

ရှမ်းပြည်နယ်တောင်ပိုင်းဘော်ဆိုင်းတွင် တစ်ညအတွင်း နေအိမ် လေးလုံး ဖောက်ထွင်း ခံရပြီး ဆိုင်ကယ်လေးစီး ခိုးခံရ

May 21 • 11:50 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်တောင်ပိုင်းဘော်ဆိုင်းတွင် တစ်ညအတွင်း နေအိမ် လေးလုံး ဖောက်ထွင်း ခံရပြီး ဆိုင်ကယ်လေးစီး ခိုးခံရ

ရှမ်းပြည်နယ်တောင်ပိုင်း ဘော်ဆိုင်းဒေသတွင် မေလ ၂၀ ရက်နေ့က ကံဦးရပ်ကွက်၌ နေအိမ် ၃ လုံး၊ ရွာဟောင်း ရွာထဲ တွင် နေအိမ် တစ်လုံး စုစုပေါင်း နေအိမ် လေးလုံးမှ ဆိုင်ကယ် လ...

ရှမ်းပြည်နယ်တောင်ပိုင်း ဘော်ဆိုင်းဒေသတွင် မေလ ၂၀ ရက်နေ့က ကံဦးရပ်ကွက်၌ နေအိမ် ၃ လုံး၊ ရွာဟောင်း ရွာထဲ တွင် နေအိမ် တစ်လုံး စုစုပေါင်း နေအိမ် လေးလုံးမှ ဆိုင်ကယ် လေးစီး ကို ဖောက်ထွင်း ခိုးယူခံရကြောင်း သိရသည်။မော်တော်ဆိုင်ကယ်များကို ခြံဝန်းအတွင်းတွင်ပင် ထားရှိခြင်း ဖြစ်ပြီး ဝင်းတံခါးကို သော့ဖျက်ကာယူခြင်း ဖြစ်ကြောင်းသိရသည်။မေလ ၂၀ ရက် ညပိုင်း သန်းခေါင်းယံ အချိန်တွင် ဆိုင်ကယ်များခိုးယူခံလိုက်ရခြင်း ဖြစ်ပြီး ဘော်ဆိုင်းမှ လမ်းမအတိုင်း ထွက်လာကာ ၂ မိုင် အကွာ ရှိ ဖောင်ဆိုင်းကျောင်း မြောက်ဘက် အဝင်းလမ်း ဘယ်ဘက် ခြမ်းတွင် တစ်စီးတွေ့ရှိခဲ့ပြီး ၊ ထိုနေရာ အရှေ့ဘက် ခြုံထဲတွင် ဇက်သော့ ခတ်ဖွက်ထားသော အဖြူရောင် တစ်စီးကို ထပ်မံပြန် တွေ့ကြောင်း သိရသည်။ဆိုင်ကယ် ပျောက်ဆုံးမှုများ နေ့စဉ် ကြုံရသော်လည်း သူခိုးများကို ဖမ်းဆီး ရမိနိုင်ခြင်း မရှိသေးကြောင်း မြို့ခံများက ဝေဖန်နေကြသည်။



news-view-count-icon

29