ပြီးခဲ့တဲ့ မေလ ၁၅ ရက်က မိုးရွာသွန်းမှုကြောင့် ရှမ်းတောင် တောင်ကြီးမြို့နဲ့ လွိုင်လင်မြို့ကြားမှာ မိုးရွာသွန်းပြီး မြေပြိုကျတာကြောင့် ညဘက် ကားအသွားအလာတွေကို ၁၅ ရက်ပိတ်ပင်ထားမယ်လို့ ခရီးသွားသူတွေဆီက သိရှိရပါတယ်။မိုးရွာသွန်းပြီး မြေပြိုကျတာကြောင့် တောင်ကြီး လွိုင်လင်လမ်းကို မေလ ၂၀ ရက်ကနေ ဇွန်လ ၃ ရက်အထိ ညပိုင်းသွားတဲ့ကားတွေကို ပိတ်ထားမယ်လို့တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။လမ်းပိတ်ဆို့မှုကြောင့် ကားသမားတွေအတွက် အချိန် ကြန့်ကြာမှုဖြစ်စေပြီး ကုန်ပစ္စည်းနဲ့ အရေးပေါ်ကားတွေအတွက် အခက်အခဲဖြစ်နေတယ်လို့ အထက်ပါကားသမားက ဆက်ပြောပါတယ်။



