မန္တလေးတက္ကသိုလ် နှစ်(၁၀၀)ပြည့် အခမ်းအနားကို ယခုနှစ် ဇူလိုင်လအတွင်း ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။မန္တလေးတက္ကသိုလ်ကို ၁၉၂၅ ခုနှစ် ဇူလိုင်လ (၄) ရက်၌ မန္တလေးဥပစာကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ ယခု ၂၀၂၅ ခုနှစ်တွင် နှစ် (၁၀၀) ပြည့်မြောက်ခြင်း ဖြစ်သည်။မန္တလေး တက္ကသိုလ် ရာပြည့်အခမ်းအနားကျင်းပရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ (၁၉)ရက်က ကျင်းပခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မန္တလေးတက္က သိုလ်မှ ဒုတိယ ပါမောက္ခချုပ်များ၊ မန္တလေးတက္ကသိုလ်ကျောင်းသားဟောင်းများနှင့် တာဝန် ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
| 34 | 0 | 0 | 0 |


