မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးနှင့် စာအုပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်း အမှတ် (၂၂၈) ရှိ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။ ဦးစွာ စာအုပ်လှူဒါန်းပွဲကိုကျင်းပရာ ဖောင်ဒေးရှင်းဥက္ကဋ္ဌ က နှုတ်ခွန်းဆက်စကားပြောကြားပြီး အလှူရှင်များက စာအုပ်များလှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ စာအုပ်များ ပေးအပ်လှူဒါန်းကြရာ ဥက္ကဋ္ဌက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။
မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးနှင့် စာအုပ်လှူဒါန်းပွဲ ကျင်းပ
May 21 • 9:09 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


