back

ဘက်စုံအကျုံးဝင်ပညာရေးမှာ အနာဂတ်နိုင်ငံဖွံ့ဖြိုးဖို့ ကျောင်းအပ်နှံလို့ ကျောင်းတက်စို့

May 21 • 9:06 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဘက်စုံအကျုံးဝင်ပညာရေးမှာ အနာဂတ်နိုင်ငံဖွံ့ဖြိုးဖို့ ကျောင်းအပ်နှံလို့ ကျောင်းတက်စို့

မေလရောက်ပြီဆိုလျှင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်တော့မည့်အရေး ပြင်ဆင်ကြရသည်။ စာသင်ကျောင်းများဘက်မှ ကျောင်းအပ်လက်မခံမီ မိမိတို့ကျောင်း ဥပဓိရုပ်ကောင်းမွန်ရေး...

မေလရောက်ပြီဆိုလျှင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်တော့မည့်အရေး ပြင်ဆင်ကြရသည်။ စာသင်ကျောင်းများဘက်မှ ကျောင်းအပ်လက်မခံမီ မိမိတို့ကျောင်း ဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ဆရာ၊ ဆရာမတို့ လှုပ်ရှားဆောင်ရွက်ကြရသည်။ မေလနောက်ဆုံးသီတင်းနှစ်ပတ်သည် ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံရေးအချိန်ကာလများဖြစ်သည်။ ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မေ ၂၂ ရက်နေ့တွင် ကျောင်းစတင်အပ်နှံနိုင်ကြောင်းနှင့် ဇွန် ၂ ရက်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။ ယခင်နှစ်များကဲ့သို့ပင် နိုင်ငံတော်အစိုးရက ကျောင်းအပ်နှံမည့် ကျောင်းသား ကျောင်းသူများအတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ကျောင်းဝတ်စုံအစရှိသည်များကို အခမဲ့ပေးအပ်သွားမည်ဖြစ်သည်။

news-view-count-icon

18