Adidas တံဆိပ်ဖိနပ်များ ချုပ်လုပ်နေသည့် ချန်းရိ Tsang Yih စက်ရုံလုပ်သားများ တောင်းဆိုထားသည့် အချက်များကို ပိုင်ရှင်ဘက်မှ လိုက်လျောလိုက်သောကြောင့် အလုပ်သဘမားများတောင်းဆိုမှု ပြီးဆုံးခဲ့ပြီ ဖြစ်သည်ဟု သိရသည်။ စက်ရုံဘက်မှ လိုက်လျောမှုများတွင် ဒေးကြေး (၅၂၀၀) မှ (၆၀၀)တိုးပေးကာ (၅၈၀၀)ကျပ်နှင့် ထောက်ပံကြေး (၃၈၀၀) ကျပ်၊ အစိုးရထောက်ပံ့ကြေး (၂၀၀၀) ၊ ဆန်ဖိုး/ဆီဖိုး (၄၀၀) အပါအဝင် စုစုပေါင်း တစ်ရက်လုပ်ခ (၁၂၀၀၀) ကျပ် ရရှိမည်ဖြစ်ကြောင်း သိရသည်။
May 21 • 8:59 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 28 | 0 | 0 | 0 |


