back

မြန်မာ့မီးရထားမှ စက်ဆီ၊ ချောဆီနှင့် စက်သုံးဆီများ ဝယ်ယူရန် တင်ဒါ (၂) ခု ခေါ်ယူထားခဲ့

May 21 • 8:33 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာ့မီးရထားမှ စက်ဆီ၊ ချောဆီနှင့် စက်သုံးဆီများ ဝယ်ယူရန် တင်ဒါ (၂) ခု ခေါ်ယူထားခဲ့

ပြည်တွင်းရှိပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအောက်ရှိ မြန်မာ့မီးရထားမှ ယခု ၂၀၂၅ ခုနှစ်၊ မေလအတွင်း စက်ဆီ၊ ချောဆီနှင့် အင်ဂျင်ဝိုင်များ ဝယ်ယူရန် အိတ်ဖွင့်တင...

ပြည်တွင်းရှိပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအောက်ရှိ မြန်မာ့မီးရထားမှ ယခု ၂၀၂၅ ခုနှစ်၊ မေလအတွင်း စက်ဆီ၊ ချောဆီနှင့် အင်ဂျင်ဝိုင်များ ဝယ်ယူရန် အိတ်ဖွင့်တင်ဒါ (၂) ခု ခေါ်ယူထားကာအဆိုပါတင်ဒါများမှာ ပထမတင်ဒါအဖြစ် တင်ဒါအမှတ် ၀၃/မမ/ CME ဖြစ်ပြီး ရထားလမ်း ဒီဇယ်ဆီ RD0-40 ( 200 Liters/ Drum ) - 1,500 Drums အပါအဝင် စက်ဆီ၊ ချောဆီ (၃) မျိုးကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူရန်အတွက် ဖြစ်ပြီး ဒုတိယမှာ တင်ဒါအမှတ် ၀၃/မမ/ CME ဖြစ်ပြီး ရထားလမ်း ဒီဇယ်ဆီ RDO-40 ( 200 Liters/ Drum ) - 1,500 Drums, အင်ဂျင်ဝိုင် 15 w 40 ( CI-4 ) ( 200 Liters/ Drum ) - 180 Drums နှင့် Grease EP-3 ( 180 kg/ Drum ) - 50 Drums ကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူရန် တို့ဖြစ်သလိုတင်ဒါပုံစံများကို ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ကုန် သည်လမ်းနှင့် (၅၁) လမ်းရှိ မြန်မာ့မီးရထား၊ ထောက်ပံ့ဌာနတွင် ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး တင်ဒါပိတ်မည့် နေ့မှာ မေလ (၂၂) ရက်နေ့၊ နေ့လည် (၂) နာရီခွဲထိ ဖြစ်ပါတယ်။ယင်းတင်ဒါများနှင့် စပ်လျဉ်း၍ အသေးစိတ် ထပ်မံ သိရှိလိုသည်များကို ဖုန်းနံပါတ် 01-294352 နှင့် 01-291994 သို့ ဆက်သွယ် မေးမြန်း စုံစမ်းနိုင်ကြောင်း သိရသည်။

news-view-count-icon

40