ကြက်ခြေနီနှင့်လခြမ်းနီလှုပ်ရှားမှုရဲ့ အနှစ်သာရကို နားလည်ပြီး လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းတွေမှာ ကိုယ်တိုင် ဘယ်လို ပူးပေါင်းပါဝင်နိုင်မလဲဆိုတာ သိချင်သူတိုင်းအတွက် သတင်းကောင်း တစ်ခုရှိပါတယ်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းနဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့်လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC) တို့ ပူးပေါင်းပြီး IFRC e-Learning Platform မှာ သင်ခန်း စာ (၄)ခုကို မြန်မာဘာသာစကားနဲ့ လေ့လာနိုင်ဖို့ စီစဉ်ပေးထားကာဒီသင်ခန်းစာတွေထဲကမှ "World of the Red Cross" ဆိုတဲ့ သင်ခန်းစာဟာ အထူးခြားဆုံးနဲ့ အရေးပါဆုံး သင်ခန်းစာတစ်ခု ဖြစ်ပါတယ်။ ဒီသင်ခန်းစာကနေ သင်ဟာ ကမ္ဘာ့အကြီးဆုံး လူသားချင်းစာနာထောက်ထားမှုကွန်ရက်ကြီးဖြစ်တဲ့ ကြက်ခြေနီနဲ့လခြမ်းနီလှုပ်ရှားမှုရဲ့ သမိုင်းကြောင်း၊ အခြေခံမူ (၇)ချက်၊ လုပ်ငန်းစဉ်များ နဲ့ ဖွဲ့စည်းပုံ တွေကို စုံစုံလင်လင် သိရှိနိုင်မှာပါ။ သင်ခန်းစာကို အခမဲ့ လေ့လာနိုင်ပြီး သင်ယူမှုပြီးမြောက်ပါက အသိအမှတ်ပြုလက်မှတ်လည်း ရရှိမှာဖြစ်ပါတယ်။ Fraud and Corruption Prevention၊ Stay Safe နဲ့ Live the Code စတဲ့ မြန်မာဘာသာသင်ခန်းစာတွေကိုလည်း တစ်ခါတည်း လေ့လာနိုင်ပါသေးတယ်။ အခုပဲ IFRC e-Learning Platform ကို ဝင်ရောက်လေ့လာပြီး လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများမှာ တစ်တပ်တစ်အား ပါဝင်လိုက်ပါ
အကောင့်ဖွင့်လှစ်ရန်နှင့် လေ့လာရန် Link : https://ifrc.csod.com/ ဟုဖော်ပြထားပါတယ်။


