back

ထိုင်းနာမည်ကြီး Rock အဆိုတော် ဆက်ခ်လိုဆို (Sek Loso) ထောင်ဒဏ် ၃ နှစ်နှင့် ရက် ၂၀ ချမှတ်ခံရ

May 21 • 7:31 AM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းနာမည်ကြီး Rock အဆိုတော် ဆက်ခ်လိုဆို (Sek Loso) ထောင်ဒဏ် ၃ နှစ်နှင့် ရက် ၂၀ ချမှတ်ခံရ

ထိုင်းနိုင်ငံတွင်သာမက ကမ္ဘာ့အဆင့်အထိပါ အောင်မြင်ကျော်ကြားသော နာမည်ကြီး Rock အဆိုတော် ဆက်ခ်လိုဆို (၅၀ နှစ်)ကို မေ ၂၀ ရက်နေ့က ၂၀၁၇ ခုနှစ်တွင် ကျူးလွန်ခဲ့သည့် ပြစ်...

ထိုင်းနိုင်ငံတွင်သာမက ကမ္ဘာ့အဆင့်အထိပါ အောင်မြင်ကျော်ကြားသော နာမည်ကြီး Rock အဆိုတော် ဆက်ခ်လိုဆို (၅၀ နှစ်)ကို မေ ၂၀ ရက်နေ့က ၂၀၁၇ ခုနှစ်တွင် ကျူးလွန်ခဲ့သည့် ပြစ်မှုကြောင့် ဘန်ကောက်ရှိ မင်ဘူရီရာဇဝတ်တရားရုံးမှ ထောင်ဒဏ် ၃ နှစ် (၂ နှစ်၊ ၁၂ လ) နှင့် ရက် ၂၀ ချမှတ်ပြီး ဆိုင်းငံ့ခြင်းမရှိတော့ဘဲ မင်ဘူရီထောင်သို့ ချက်ချင်းပို့ဆောင် ပြစ်ဒဏ်ချမှတ်ခဲ့သည်။၂၀၁၇ ဒီဇင်ဘာ ၃၁ ရက်က လိုဆိုသည် နာခွန်းဆီသမ်မာရတ်ရှိနေအိမ်တွင် အော်တိုမက်တစ် ပစ္စတိုကို အကြောင်းမဲ့ မိုးပေါ် ထောင်ဖောက်ခဲ့ပြီး ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးရာ ရန်မူတုံ့ပြန်သဖြင့် အထူးတပ်ဖွဲ့ခေါ်ကာ ဖျောင်းဖျခဲ့ရသည်။၎င်းပစ်ခတ်သည့် ပစ္စတိုနှင့် ကျည်များသည် မှတ်ပုံတင်ထားသော်လည်း ကိုင်ဆောင်ခွင့်လိုင်စင်မရှိသလို ရဲတပ်ဖွဲ့ကို ပြန်လည် တုံ့ပြန်ရန်ပြုခြင်းနှင့် မူးယစ်ဆေးလည်း သုံးစွဲထားကြောင်း ထင်ရှားသဖြင့် ထောင်ဒဏ် ချမှတ်လိုက်ခြင်းဖြစ်သည်။


news-view-count-icon

44