back

ရှမ်းပြည်နယ်တွင် အကောက်ခွန်မဲ့လုပ်ငန်းသုံး ပစ္စည်း ၆၇ မျိုးဖမ်းမိခဲ့

May 21 • 4:35 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ်တွင် အကောက်ခွန်မဲ့လုပ်ငန်းသုံး ပစ္စည်း ၆၇ မျိုးဖမ်းမိခဲ့

မေလ ၁၉ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ်မြို့ ဆင်...

မေလ ၁၉ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ်မြို့ ဆင်ဖြူဂိတ်အကျော် လမ်းဘေးတစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့လုပ်ငန်းသုံး ပစ္စည်း ၆၇ မျိုး (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၆,၅၇၆,၃၀၀) ကိုလည်းကောင်း မယ်ယန်းပူးပေါင်းစစ်ဆေးရေးစခန်းအနီး တာချီလိတ်- ကျိုင်းတုံ ကားလမ်းမလိပါကောလမ်းဘေးတစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၅,၄၀၀,၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၉၇၆,၃၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါတယ်။



news-view-count-icon

21