back

တစ်ရက်တည်းတွင် သတ်မှတ်အသင်းအရေအတွက် ပြည့်ခဲ့သည့် MFF Futsal Amateur Cup 2025 ပြိုင်ပွဲဝင်ခွင့်

May 21 • 3:52 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

တစ်ရက်တည်းတွင် သတ်မှတ်အသင်းအရေအတွက် ပြည့်ခဲ့သည့် MFF Futsal Amateur Cup 2025 ပြိုင်ပွဲဝင်ခွင့်

MFF Futsal Amateur Cup 2025 ပြိုင်ပွဲကို အသင်းပေါင်း (၅၀) ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး အသင်းဝင်ခွင့်လျှောက်လွှာများကို ယမန်နေ့ မေလ(၂၀)ရက် နံနက်ပိုင်းအချိန်၌ စတင်...

MFF Futsal Amateur Cup 2025 ပြိုင်ပွဲကို အသင်းပေါင်း (၅၀) ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး အသင်းဝင်ခွင့်လျှောက်လွှာများကို ယမန်နေ့ မေလ(၂၀)ရက် နံနက်ပိုင်းအချိန်၌ စတင်ထုတ်ပေးခဲ့ရာ ညနေပိုင်းအချိန်တွင် အသင်းအရည်အတွက် ပြည့်သွားခဲ့ပြီဖြစ်ကာယခင်က အသင်းဝင်ခွင့် လျှောက်လွှာများကို မေ (၂၀)ရက် မှ (၂၃) ရက်အထိ လက်ခံသွားရန် စီစဉ်ထားသော်လည်း ပြိုင်ပွဲဝင် အသင်းအရေအတွက် အသင်း (၅၀)ပြည့် သွားခဲ့ပြီဖြစ်သဖြင့် အသင်းလျှောက်လွှာ ထုတ်ပေးခြင်းကို ရပ်တန့်လိုက်ပြီဖြစ်ကြောင်း အသိပေးထားကာယနေ့ အသင်းဝင်ခွင့် လျှောက်လွှာထုတ်ယူပြီးသော အသင်းများအနေဖြင့် မေ (၂၃ )ရက်မှ (၂၇) ရက်အထိ ကစားသမားမှတ်ပုံတင်ခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။ပြိုင်ပွဲဝင် အသင်းများအနေဖြင့် အသင်းဝင်ကြေး ကျပ် (၃) သိန်း၊ Deposit ကျပ် (၂) သိန်းပေးသွင်းရမည် ဖြစ်ပြီး အနည်းဆုံး ဂိုးသမားနှစ်ဦး အပါအဝင် ကစားသမား (၁၄) ဦးမှ (၁၆)ဦးအထိ လည်းကောင်း၊ အုပ်ချုပ်နည်းပြ အနည်းဆုံး (၃) ဦးမှ (၆) ဦးအထိ လည်းကောင်း စာရင်းပေးသွင်းနိုင်မည်ဖြစ်သည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီ၏ အသိပေးချက်တွင်ပါရှိပါတယ်။



news-view-count-icon

20