back

ဂျပန် ရုပ်ပြကာတွန်း The Future I Saw တဖန် ရေပန်းစား လူပြောများလာခြင်းကြောင့် ဂျပန်နိုင်ငံသို့ အလည်အပတ် လာရောက်ကြမည့် ခရီးသွားများ ခရီးစဉ် ဖျက်သိမ်းမှုများ မြင့်တက်

May 21 • 2:23 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဂျပန် ရုပ်ပြကာတွန်း The Future I Saw တဖန် ရေပန်းစား လူပြောများလာခြင်းကြောင့် ဂျပန်နိုင်ငံသို့ အလည်အပတ် လာရောက်ကြမည့် ခရီးသွားများ ခရီးစဉ် ဖျက်သိမ်းမှုများ မြင့်တက်

၂၀၂၅ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့တွင် ငလျင်ကြီးလှုပ်ခတ်မည်ဟု ယူဆရသည့် ကြိုတင်ဟောကိန်း ထုတ်ထားသည့် ဂျပန် ရုပ်ပြကာတွန်း The Future I Saw တဖန် ရေပန်းစား လူပြောများလာခြ...

၂၀၂၅ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့တွင် ငလျင်ကြီးလှုပ်ခတ်မည်ဟု ယူဆရသည့် ကြိုတင်ဟောကိန်း ထုတ်ထားသည့် ဂျပန် ရုပ်ပြကာတွန်း The Future I Saw တဖန် ရေပန်းစား လူပြောများလာခြင်းကြောင့် ဂျပန်နိုင်ငံသို့ အလည်အပတ် လာရောက်ကြမည့် ခရီးသွားများ ခရီးစဉ် ဖျက်သိမ်းမှုများ မြင့်တက်လာသည်။၎င်းရုပ်ပြတွင် "တကယ့်ဘေးဒုက္ခက ၂၀၂၅ ခုနှစ် ဇူလိုင်လမှာ ရောက်လာလိမ့်မယ်။”ဟု ရုပ်ပြတွင် ဆိုထားသည်။Ryo Tatsuki ၏ The Future I Saw အမည်ရှိ ရုပ်ပြကာတွန်း (manga)ကို ၁၉၉၉ ခုနှစ်မှာ ထုတ်ဝေခဲ့သည်။ ၎င်းရုပ်ပြမှာ ဖော်ပြထားသည့် ကမ္ဘာ့ဖြစ်ရပ်များအတွက် ဟောကိန်းများသည် ဒုတ်ထိမှန်ကန်နေသည်။အထူးသဖြင့် ၂၀၁၁ ခုနှစ် မတ်လတွင် ဂျပန်နိုင်ငံကို လှုပ်ခတ်ခဲ့သော ပြင်းအား ၉.၀ အဆင့်ရှိ ငလျင်နှင့်နောက်ဆက်တွဲ ဆူနာမီ ဆိုင်ရာ ဟောကိန်းများ ပါဝင်သည်။ ၎င်းဖြစ်ရပ်ဆိုးကြောင့် လူထောင်ချီ သေဆုံးခဲ့ပြီး ဖူကူရှီးမား နျူကလီးယား စက်ရုံ ယိုယွင်း‌ခဲ့သည်။


news-view-count-icon

80