၂၁.၅.၂၀၂၅၊ မနက် ၇:၂၈ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မန္တလေး-လားရှိုးလမ်းအတွင်းရှိ ညောင်ပင်တစ်ပင် ဆွေးမြေ့လဲကျပြီး လုံးပတ်ငါးလုံး အမြင့် ၃၀ ပေခန့်ရှိ ကားတစ်စီးပေါ်ပိမိခဲ့သည်။ ပြင်ဦးလွင်ခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်နှင့် မီးငြှိမ်းသတ်ယာဉ်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက အချိန်မှီ ရောက်ရှိကယ်ဆယ်ရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ပေးခဲ့သည်။



